မဟေသီအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေး သမဝါယမအသင်းမှ ကိုဗစ်- ၁၉ ရောဂါကာကွယ် ကုသရေးအတွက် အလှူငွေများပေးအပ်လှူဒါန်း

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မဟေသီအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေး သမဝါယမ အသင်းမှ အသင်း၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် အသင်း အမှု ဆောင်များနှင့် အသင်း သားများစုပေါင်းကာ ကိုဗစ်- ၁၉ ရောဂါကာကွယ် ကုသရေး အတွက် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်အထွေထွေ ရောဂါကု ဆေးရုံကြီသို့ သွားရောက်လှူဒါန်းခဲ့သည်။

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျေးရွာအုပ်စုများရှိ မဲရုံများအား ကွင်းဆင်း​​ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် COVID - 19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျေးရွာအုပ်စုများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ တိုင်း​ဒေသကြီး ကော်မရှင်အဖွဲ့ဝင်လပွတ္တာခရိုင် တာဝန်ခံ ဦးခင်မြင့်စိုးနှင့် အဖွဲ့ဝင်များ ၊ ခရိုင် ကော်ရှင်အဖွဲ့တို့ ယမန်နေ့ကကွင်းဆင်းပြီးပေါင်းစပ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်သိရသည်။

သန်လျင်မြို့နယ် မြို့မဈေးကြီးအတွင်း ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချခြင်း ရှိမရှိစစ်ဆေး

​​​​​​​ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် မြို့မဈေးကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချခြင်းရှိ/မရွိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဈေးကြီးအတွင်း လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မိုးကောင်းသောက်ဒေသရှိ သီးနှံများအောင်မြင်ဖြစ် ထွန်းရေးအတွက် မြေပြင်သို့ ကွင်းဆင်းဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ မိုးကောင်းသောက်ဒေသများဖြစ်သော ကံဗြူ၊ တံခွန်တိုင် ကျေးရွာများရှိ သီးနှံစိုက်ခင်းများသို့ သွားရောက်၍ နှမ်း၊မြေပဲ၊ စပါးစသည့် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြေပြင်သို့ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း ရွှေဘိုမြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပလောက်မြို့ စာသင်/စာချရဟန်းသံဃာတော်များအား စာရေးကိရိယာများနှင့် သံဃာ့ အသုံးအဆောင်ပစ္စည်းများလှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ ကျောက်လုံးကြီးကျေးရွာအုပ်စု ကျောက်တောင်ကျေးရွာ၌ ရန်ကုန်းတိုင်းဒေသကြီး မြောက်ဉက္ကလာပမြို့နယ် ဇမ္ဗူအေးကျောင်းတိုက် သီရိမင်္ဂလာမွန်ကျောင်းမှ သီတင်းသုံးရန်ရောက်ရှိလာသော ရဟန်းသံဃာတော်များအား ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်က ကျောက်တောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စာရေးကိရိယာများနှင့် သံဃာ့အသုံးအဆောင်ပစ္စည်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ  စျေးများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး စနစ်တကျ စျေးရောင်းချခြင်းရှိ၊မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရောင်းချရေး အသိပညာပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ  စျေးများ တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စနစ်တကျ စျေးရောင်းချခြင်းရှိ၊မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ရောင်းချရေး အသိပညာပေးခြင်းကို 

နမ့်ခမ်းမြို့၌ အသက်(၉)နှစ်နှင့်(၁၀)နှစ်အရွယ်ရှိ အမျိုးသမီးငယ်(၃၀)ဦးကို သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ပထမဆုံးအကြိမ်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ အသက်(၉)နှစ်နှင့်(၁၀)နှစ်အရွယ်အမျိုးသမီး ငယ်(၃၀)ဦးအား ပထမဆုံးအကြိမ်အဖြစ် သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်ခန့်က နမ့်ခမ်းမြို့၊ အောင်္ဂလာရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးသည်။

နမ့်ခမ်းမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများကို လုပ်ငန်းစွမ်းရည်မြှင့်တင် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ (၂၀၂၀)ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းစွမ်းရည်မြှင့်တင် ဆင့်ပွားသင်တန်းကို ယနေ့၊ နံနက်(၉)နာရီအချိန်ခန့်က နမ့်ခမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။

အင်းစိန်ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်(၈)နာရီအချိန်က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ကျိုင်းတောင်းမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ရေး စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများအား တိကျမှန်ကန်ရေး မဲစာရင်း စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
Subscribe to