ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၄၉)ဉီး အား ဓာတ်ခွဲနမူနာများ ရယူ
တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၄၉)ဉီးအား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ အသွား အလာကန့်သတ် စောင့်ကြည့်ရေးစခန်း၌ ခေတ္တထားရှိ၍ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှုရှိ / မရှိ ဓာတ်ခွဲ စစ်ဆေး နိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကုသရေးဉီးစီးဌာနမှ ၎င်းတို့၏ အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်တို့အားရယူခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။