ညောင်ရွှေ အောက်တိုဘာ ၂၆
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ညောင်ရွှေမြို့နယ်အတွင်း အဓိကဝင်ရောက် နိုင်သည့် နေရာနှစ်ခုတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီမှစတင်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအ သင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များသည် မြို့နယ်အတွင်း အဓိက ဝင် ရောက်နိုင်သည့် နေရာ များဖြစ်သည့် တောင်လေးလုံး-ခေါင်တိုင်လမ်းနှင့် ညောင်ရွှေ-ပေါင်းပိုင်းလမ်းဆုံ၊ ကျွန်းတောင် -ကျောက်တလုံးလမ်းနှင့် စံကား-နန်းပန်လမ်းဆုံ နေရာတို့တွင် နေ့စဉ် ဝင်ရောက် လာသူများကို ကိုယ် အပူချိန်တိုင်းတာ၍ ကျန်းမာရေး စစ်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်၍ သွားလာကြစေရေး အတွက် ကြီးကြပ်ဆောင်ရွက်ခြင်း၊ ရပ်ဝေးမှ ဝင်ရောက်လာသည့် ပြည်သူ များနှင့် ကုန်တင်ယာဉ်ကြီး များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို စနစ်တကျမှတ်တမ်းကောက်ယူခြင်းတို့ကို ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။
နေမျိုးသူရိန်