ညောင်ရွှေ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ ကြိုတင် ဆန္ဒမဲ လက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့ နံနက်(၉)နာရီခွဲခန့်က ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်မောင်၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဝေမာအောင်နှင့် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ဌာနဆိုင်ရာများမှ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ယနေ့ထုတ်ပေးမည့် ကြိုတင် ဆန္ဒမဲ လက်မှတ် အရေ အတွက်မှာ ပြည်သူ့လွှတ်တော်အတွက် (၅၆၀) အုပ်၊ အမျိုးသားလွှတ်တော်အတွက် (၅၆၀)အုပ်၊ ပြည်နယ်လွှတ်တော်အတွက် (၅၆၀)အုပ်၊ ဗမာတိုင်း ရင်းသားအတွက် (၈၇)အုပ်၊ ကချင်တိုင်းရင်းသားအတွက် (၂)အုပ်၊ လီဆူးတိုင်းရင်းသားအတွက် (၆) အုပ်၊ လားဟူတိုင်းရင်းသားအတွက် (၂)အုပ်၊ အင်းသားတိုင်းရင်းသားအတွက် (၅၈၁)အုပ်၊ အာခါ တိုင်းရင်း သားအတွက် (၁)အုပ်၊ ကယန်း(ခ)ပဒေါင်တိုင်းရင်းသားအတွက် (၃)အုပ် ထုတ်ပေးမည်ဖြစ် ပြီး အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ်စာအုပ်တစ်အုပ်လျှင် ရွက်ရေ(၅၀)ပါရှိကြောင်း သိရှိ ရသည်။
စိုင်းအယ်ဘဲ