စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် မိုးကောင်းသောက်ဒေသရှိ သီးနှံများအောင်မြင်ဖြစ် ထွန်းရေးအတွက် မြေပြင်သို့ ကွင်းဆင်းဆောင်ရွက်ပေး

ရွှေဘို  အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ မိုးကောင်းသောက်ဒေသများဖြစ်သော ကံဗြူ၊ တံခွန်တိုင် ကျေးရွာများရှိ သီးနှံစိုက်ခင်းများသို့ သွားရောက်၍ နှမ်း၊မြေပဲ၊ စပါးစသည့် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြေပြင်သို့ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း ရွှေဘိုမြို့ နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မိုးကောင်းသောက် ဒေသရှိ တောင်သူများနှင့် တွေ့ဆုံ၍ သီးနှံများ စိုက်ပျိုးရာတွင် အရည်အသွေးကောင်းမွန်သော သီးနှံများရရှိစေရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)နည်းစနစ်များကို လိုက်နာကျင့်သုံး နိုင်ရေး၊ နှမ်း သီးနှံတွင် အသီးအပွင့်အားကောင်းစေရန် Ureaနှင့်လက်ချား သုံးစွဲနည်း များကို လည်ကောင်း၊ ဓါတုဆေးများ မဖြစ်မနေအသုံးပြုရပါက သုံးစွဲရာတွင် Pre Harvest Interval ( PHI ) ကို လိုက်နာဆောင်ရွက်ရန်လည်း အရေးကြီးကြောင်း  မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်းနှင့်ဝန်ထမ်းများက ဆွေးနွေးပြောကြားခဲ့ ကြောင်းသိရသည်။

 ဆက်လက်၍  မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက တောင်သူများရှေ့တွင် သဘာဝပိုးနှင် ဆေးဖြစ်သော ဆေးရွက်ကြီးဖျော်ရည်ကို လက်တွေ့ပြုလုပ်ပြသခဲ့ကာ တောင်သူများအား ( Urea လက်ချား ) EM သဘာဝဆေးရွက်ကြီးဖျော်ရည်များ၊ နည်းပညာပေးလက်ကမ်း စာစောင် များနှင့် Mask များကို ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် တောင်သူများနှင့်အတူ စိုက်ကွင်းများတွင် ပိုးမွှားရောဂါကျရောက်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဇာဇာမင်းက ထံမှသိရသည်

ထွန်းမြင့်အောင်(ရွှေဘို)