မိုင်းယန်းမြို့တွင် မဲရုံပြုလုပ်မည့်နေရာများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပြုလုပ်ရန် လျာထားသည့် သတ်မှတ်နေရာများအား ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တာဝန်ရှိသူထံမှ သိရသည်။

ပြည်ထောင်စု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်း

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဖာပွန်မြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား​ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယ​နေ့နံနက် (၁၀) နာရီအချိန်က ခရိုင်​ရွေး​ကောက်ပွဲ​​ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ စားသောက်ကုန် လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်း

မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိဝါဆိုဝါကပ်တော်မူသော သံဃာ်တော်အရှင်သူမြတ်များရှိသည့် ကျောင်းပေါင်း (၅၁) ကျောင်းရှိသည့်အနက် ပရိယတ္တိစာပေသင်ကြား လျက်ရှိသော စာသင်တိုက် (၁၂) ကျောင်းတိုက်အား ကွယ်လွန်သူ ဘုရားသိမ်ကျောင်းရဟန်းဒါယကာကြီး ဦးသိန်းညွန့် (ရွှေမြန်မာ) အား ရည်စူး၍ ဘုရားသိမ်းကျောင်းရဟန်းဒါယိကာမကြီး ဒေါ်တင်ကြည် (ရွှေမြန်မာစက်ပစ္စည်းရောင်းဝယ်ရေး) မိသားစုမှ စားသောက်ကုန်လှူဖွယ်ဝတ္ထုများ ဆပ်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန် က ဆောင်ရွက်ခဲ့သည်။

နမ့်ဆန်၌ မဲရုံပြုလုပ်ရန် လျာထားသတ်မှတ်သည့်နေရာအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲ အတွက် မဲရုံပြုလုပ်ရန်လျာထားသတ်မှတ်သည့် နေရာများကို ယမန်နေ့ နံနက်က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌနှင့်တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ကရသူရိမြို့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံမှူး၊ဒုမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ငွေကျပ် ၁၀သိန်း တန်ဘိုးရှိ ကာကွယ်ရေးသုံး ပစ္စည်းများ လာရောက်လှူဒါန်း

ရန်ကုန်‌တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စေတနာရှင်၊ အလှူရှင်များက ယမန်နေ့ မွန်းလွဲပိုင်းက အလှူ‌ငွေကျပ် ၁၀သိန်း တန်ဘိုးရှိ ကာကွယ်‌ရေး သုံးပစ္စည်းများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ မဲရုံအသီးသီးအား မဲပုံးများနှင့် မဲရုံးသုံးပစ္စည်းများထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန်အတွက် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းအမျိုးမျိုးကို ယမန်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များထံသို့ ထုတ်ပေးခဲ့ကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
Subscribe to