လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးဆောင် ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့တွင် ဂျပန်ဈေးကွက်ဝင်နှမ်းနက်များ GAP နည်းဖြင့်စိုက်ပျိုး

ပခုက္ကူမြို့နယ်တွင် ဂျပန်ဈေးကွက်ဝင် နှမ်းနက်များကို GAP နည်းဖြင့် စိုက်ပျိုးထားကြောင်း သိရသည်။

မဲရုံမှူး၊ ဒုတိယမဲရုံမှူး သင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူးများ သင်တန်းကို မတူပီမြို့နှစ်ခြင်း ဘုရားကျောင်းနှင့်ဇိုတုန်နှစ်ခြင်းဘုရားကျောင်း၌ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များကို တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ မတူပီမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ပြီး မတူပီ-မင်းတပ်မြို့အဝင်ဂိတ်၊ မတူပီ−ပလက်ဝလမ်းဂိတ်နှင့် မတူပီ−ဟားခါး လမ်း ရှိ ဖနိုင်ကျေးရွာအဝင်ဂိတ်များတွင် ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ် ရေး ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့က ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

လှိုင်မြို့နယ်ရှိ‌ ကျောင်းတိုက်(၁၁) တိုက်သို့ အလှူရှင်များက ဆွမ်းဆန်စိမ်း(၉)မျိုး လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီးတွင် ပထမအကြိမ်မြောက်အဖြစ် စန္ဒီဘယဆေးမှ ဦးဆောင်၍ တိုင်းရင်းဆေး မိသားစုများ မေတ္တာပြည့်ဝ သာသနာပြုအသင်း နှစ်ဦးဓမ္မသဘင်အလှူရှင်များ၊ တိုင်းကြက်ခြေနီ အသင်းတို့မှ စုပေါင်း၍ ရန်ကုန် တိုင်း‌ဒေသကြီး‌ အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်တို့မှ မြို့နယ်(၂၂)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများ စု‌စုပေါင်း(၃၆၀‌)ကျောင်းသို့ အလှူရှင်များက စုစုပေါင်းကျပ်သိန်း(၅၆,၅၉၂,၀၀၀)ဘိုးရှိ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆိုလာမီးအိမ်နှင့် မီးဖိုများ ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ဆိုလာမီးအိမ်နှင့် မီဖိုများကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက် လိပ်ကုန်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

မင်းတပ်မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ယခင်နှစ်ထက် (၄၅၀၀)ကျော် တိုးလာ

မင်းတပ်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ(၄၅၀၀)ကျော် တိုးလာကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။

မေတ္တာမြို့၊ အထက(မေတ္တာ)ကျောင်းဝင်း အတွင်းစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)  ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မိဘပြည်သူများ စိတ်အေးချမ်းစွာမဲပေးနိုင်ရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မဲရုံများထားရှိရာ မေတ္တာမြို့၊ အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် ခဲ့ကြောင်း သိရသည်။ အဆိုပါစုပေ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် မြေပြိုမှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့်အိမ်ထောင်စု တစ်စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးနှင့်ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့၊စျေးတန်း(၁၁)ရပ်ကွက်တွင် အောက်တိုဘာလ ၂၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး ပြိုကျ ပျက်စီးခဲ့သည့်အတွက် တမူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ် ရေးပစ္စည်းများ၊အိမ်ဆောက်ပစ္စည်းတန်ဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို အောက်တိုဘာ (၂၆)ရက်နေ့ ညနေ(၃)နာရီအချိန်ခန့်က စျေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေး အပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၃)ဦး ရောဂါ သက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာ ၂၆ ရက် ၊ ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ပွင့်ဖြူမြို့ ၊ (အ.ထ.က)ကျောင်း ယာယီသီးခြားလူနာကုသဆောင်တွင် ထားရှိပြီး ဆေးကုသပေးနေသော ကိုဗစ်ပိုး တွေ့လူနာ (၁၂) ဦး အနက် အမျိုးသမီး(၃)ဦး ၊ အမျိုးသား(၃)ဦး ကိုဗစ် - ၁၉ ရောဂါပိုး သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ပြုလိုက်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ထံက သိရသည်။
Subscribe to