ဒဂုံတောင် အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ စျေးများ တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စနစ်တကျ စျေးရောင်းချခြင်းရှိ၊မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ရောင်းချရေး အသိပညာပေးခြင်းကို ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ ကျန်းမာရေးလမ်းညွှန်မှုများနှင့်အညီ စျေးရောင်းချနေသူများအား တစ်ဦးနှင့် တစ်ဦး ခြား၍ ရောင်းချစေခြင်းများ၊နှာခေါင်းစည်း(mask)တပ်ဆင်ထားရှိစေရေးနှင့် စျေးဝယ်သူ များ ကိုလည်း နှာခေါင်းစည်း(mask)တပ်ဆင်ခြင်းမရှိပါက မရောင်းချပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်စျေးများအတွင်း ချမှတ်ထားသော စည်းကမ်းများကို လိုက်နာခြင်းရှိ၊မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။
အိကေသရီ(ပြန်/ဆက်)