လပွတ္တာ အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျေးရွာအုပ်စုများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ဝင်လပွတ္တာခရိုင် တာဝန်ခံ ဦးခင်မြင့်စိုးနှင့် အဖွဲ့ဝင်များ ၊ ခရိုင် ကော်ရှင်အဖွဲ့တို့ ယမန်နေ့ကကွင်းဆင်းပြီးပေါင်းစပ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ဝင် လပွတ္တာခရိုင် တာဝန်ခံ ဦးခင်မြင့်စိုးနှင့်အဖွဲ့ဝင်များသည် လပွတ္တလုတ်တောင် ၊ ညောင်လိန်ကျေးရွာ အုပ်စုများမှ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် (အဖွဲ့ခွဲ) ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံကာ ထားရှိဆောင်ရွက်သွားမည့် မဲရုံများအား လိုက်လံကြည့်ရှုပြီး ဦးခင်မြင့်ဦး က ရွေးကောက်ပွဲကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် သွားကြရန် လိုကြောင်း ၊ မဲရုံများတွင် တာဝန်ယူ ဆောင်ရွက်သွားကြမည့်သူများ အနေဖြင့်လည်း ရောဂါပိုးကူးစက် မခံရဖို့လို ကြောင်း ၊ မဲရုံ အတွင်းအပြင် သန့်ရှင်းရေး ဆောင်ရွက်ရန် ၊ လျှပ်စစ်မီး မပြတ်တောက်စေရေး ၊ တာဝန်ကျ မဲရုံဝန်ထမ်းများမှ Mask တပ်ဆင်ရေးနှင့် လက်သန့်ဆေးရည် အသုံးပြုရန် ၊ မဲရုံများ၏ အကျယ်အဝန်း မဲရုံပတ်ဝန်းကျင် လုံခြုံရေး ၊ တာဝန်ကျ မဲရုံဝန်ထမ်းများ၏ လုံခြုံရေး နှင့် မဲရုံ ကာလအတွင်း အထူးရဲ ထားမည့်နေရာ စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
ဝင်းကျော်မြင့် ( လပွတ္တာ )