ပလောက် အောက်တိုဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ ကျောက်လုံးကြီးကျေးရွာအုပ်စု ကျောက်တောင်ကျေးရွာ၌ ရန်ကုန်းတိုင်းဒေသကြီး မြောက်ဉက္ကလာပမြို့နယ် ဇမ္ဗူအေးကျောင်းတိုက် သီရိမင်္ဂလာမွန်ကျောင်းမှ သီတင်းသုံးရန်ရောက်ရှိလာသော ရဟန်းသံဃာတော်များအား ယမန်နေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်က ကျောက်တောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စာရေးကိရိယာများနှင့် သံဃာ့အသုံးအဆောင်ပစ္စည်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ပုလောမြို့နယ် လယ်ဝိုင်းကျောင်းတိုက်ဆရာတော် ဦးကောဝိဒ ဦးဆောင်ပြီး ပုလောမြို့နယ် ဌာနဆိုင်ရာများလိုက်ပါ၍ ပုလောမြို့နယ်၌ အောက်တိုဘာလ (၁) ရက်နေ့မှ စတင်၍ ပို့တွေ့ရဟန်းသံဃာတော်များအား ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စများ ဆောင်ရွက်ရန် ရပ်ဝေးရပ်နီး စေတနာရှင်ပြည်သူ များက လာရောက်လှူဒါန်းသည့် အလှူငွေများထဲမှငွေ (၁၁၂၈၀၀၀/-) ကျပ် ကို ရဟန်းသံဃာတော်များ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ စာသင်/ စာချလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် Whiteboard (၂) ချပ်၊ မင်ရည် (၂)ဒါဇင်၊ Pilot (၂)ဒါဇင် ဖျက်စရာ (၂)ခု နှင့် သပိတ် (၃၀)လုံး၊ ထိုင်ခင်းပိုင်း(၄၀)ပိုင်း၊ သာမဏေပတ်သင်္ကန်း (၂၀)စုံ၊ ကိုယ်ပတ်သင်္ကန်း(၇၀)စုံကို လာရောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင်