ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် မြို့မဈေးကြီးအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချခြင်းရှိ/မရွိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဈေးကြီးအတွင်း လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သိုဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများက သန်လျင်မြို့မဈေးကြီးအတွင်း သားငါးနှင့် ဟင်းသီးဟင်းရွက် ရောင်းချနေမှုများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်ထားသည့် ကျန်းမာရေးစည်း ကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရွိ လှည့်လည်စစ်ဆေးကြပြီး မြို့မဈေးကြီးအတွင်း သတ်မှတ်စည်း ကမ်းများအတိုင်း ဈေးရောင်းချမှုမရှိပါက စည်းကမ်းဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်ရေးနှင့် ဈေးအတွင်း ကိုဗစ်- ၁၉ ရောဂါ ပျံ့နှံ့မှုမှကာကွယ်နိုင်ရေးအတွက် ဈေးရောင်း ချသူများနှင့် ဈေးဝယ်သူပြည်သူများ စည်းကမ်းတကျ ပူးပေါင်းပါဝင်ကူညီပေးကြရန် တိုက်တွန်း ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းများနှင့်အညီ ပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါး အရောင်းဆိုင်များသာ ဖွင့်လှစ်ရောင်းချပေးလျှက်ရှိကြောင်းနှင့် ဈေးများအတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ သန်လျင်မြို့ နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့၊ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုအထောက်အကူပြုကော်မတီများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဈေးတာဝန်ခံများ၊ ဈေးသူဈေးသားများက ဈေးများအတွင်း ဈေးရာင်းချသူများနှင့် ဈေးဝယ်သူများ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)