ရန်ကုန် အောက်တိုဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်(၈)နာရီအချိန်က အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်၊ ဈေးဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်း၊ ဈေးတာဝန်ခံများ၊ ရုံးဝန်ထမ်း များနှင့် တာဝန်ရှိသူများသည် အင်းစိန်ဈေးသို့ သွားရောက်၍ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူများ နှာခေါင်းစည်း(Mask)များ တပ်ဆင်၍ ရောင်းချဝယ်ယူနေမှု အခြေအနေများ၊ ဈေးဝင်ပေါက်၊ ထွက်ပေါက် များတွင် ကိုယ်အပူချိန်တိုင်းစက်များ တပ်ဆင်ထားမှုနှင့် လက်ဆေးဘေစင်များ တပ်ဆင်ထားရှိမှု၊ ဈေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုအခြေအနေများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အကြုံပြုလမ်းညွှန်မှာကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)