မဟေသီအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေး သမဝါယမအသင်းမှ ကိုဗစ်- ၁၉ ရောဂါကာကွယ် ကုသရေးအတွက် အလှူငွေများပေးအပ်လှူဒါန်း

မော်လမြိုင်     အောက်တိုဘာ ၂၆

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မဟေသီအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေး သမဝါယမ အသင်းမှ အသင်း၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် အသင်း အမှု ဆောင်များနှင့် အသင်း သားများစုပေါင်းကာ ကိုဗစ်- ၁၉ ရောဂါကာကွယ် ကုသရေး အတွက် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်အထွေထွေ ရောဂါကု ဆေးရုံကြီသို့ သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့ သွားရောက်လှူဒါန်းရာတွင် မဟေသီအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ငွေစုငွေချေး သမဝါ ယမ အသင်းလီမီတက်မှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ကုသရေးအတွက် စုပေါင်းလှူဒါန်းသည့် အလှူငွေ ကျပ်(၃)သိန်းကို မော်လမြိုင်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိုးကလျာမှ အသင်းစု ကိုယ်စား မော်လမြိုင်အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)