ပင်လောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း အချက်အလက်များ မှန်ကန်စေရေး ပြင်ဆင်လျှောက်ထားလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အသီးသီးတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါ မဲစာရင်းများ၌ အချက်အလက်များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများက လာရောက် ကြည့်ရှုပြီး ပြင်ဆင်ရန်ရှိသည့် အချက် အလက် များကို ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအထောက်အကူပြု (VRFP)ရန်ပုံငွေပေးအပ်

နိုင်ငံတော်၏ ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်ကိုအထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ် တောင်သူ များ စိုက်ပျိုးမွေးမြူရေး နှင့် အသေးစားစီးပွားရေးများအတွက် လိုအပ်သောအရင်းအနှီး များရရှိစေရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေး အရင်းအမြစ်ရရှိရေး ဆောင်ရွက်နိုင်စေရန်တို့အတွက် ရည်ရွယ်၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှဆောင်ရွက်သော ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ခြင်းကို ဩဂုတ်လ(၅)ရက်နေ့ နံနက်(၁၀)နာရီက မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ညောင်တုန်း၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သဘာဝဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၊ ဝန်တွင်း‌ကျေးရွာတွင် CERP Plan အရ စပါးမျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ဝန်တွင်း‌‌ကျေးရွာတွင် ‌ ယမန်နေ့ နေ့လယ် ၁ နာရီက ၂၀၂၀ မိုးရာသီ CERP Plan အရ အကျိုးဆောင်တောင်သူတောင်သူဦးသိန်း‌အောင်၏လယ်မြေ စံပြစိုက်ကွက်တွင် မှော်ဘီ(၂) စပါးမျိုးစေ့ထုတ် စိုက်ခင်းအား စိုက်ပျိုးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးဝင်းဦးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုး နည်းပညာများ ကူညီ‌ပေးခဲ့သည်။

နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများသို့ PPE ဝတ်စုံများ ပေးအပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ရန်ပုံငွေ ရှာဖွေရေးကော်မတီမှ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းနှင့် အလယ်တန်းကျောင်းများသို့ PPE ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဗဟိုအခြေခံပညာမူလတန်းလွန်ကျောင်း ပတ္တမြားရတုခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်၌ Grade-4(သင်ရိုးသစ်) နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်မည်

သင်ကြားမှုအရည်အသွေး ပြည့်ဝသော ဆရာ/မများမှ အရည်အသွေးပြည့်ဝသည့် ကျောင်းသား/ သူများ ပြုစုပျိုးထောင်နိုင်ရေးကို ရည်ရွယ်၍ Grade-4(သင်ရိုးသစ်) သင်တန်းအား မူလတန်း ကျောင်းအုပ်များနှင့် မူလတန်းပြ ဆရာ/မများကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇွန်လ(၁၅)ရက်နေ့မှ ဇွန်လ(၂၁)ရက်နေ့အထိ သင်တန်းကာလ (၇)ရက်ဖြင့် ပညာရေးဌာနနည်းပြများမှ သင်တန်းပို့ချခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ဖြစ်ခဲ့သည့် ဆရာ/မများအား Grade-4(သင်ရိုးသစ်) နောက်ဆက်တွဲ သင်တန်းပို့ချပေးသွားမည်ဖြစ်သည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၀−၂၀၂၁ ပညာသင်နှစ် GRAGE- 4 (နောက်ဆက်တွဲ ) သင်တန်းပို့ချနေမှုအား ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် GRADE-4 (နောက်ဆက်တွဲ) သင်တန်းပို့ချနေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးထူးထူးနိုင်တို့က ယနေ့နံနက် (၁၀) နာရီက တရုတ်စုရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

မြို့နယ်အတွင်းရှိ လမ်းများ အဆင်ပြေစွာ သွားလာနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေမြောင်း ပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း/မြောက်ရပ်ကွက်၊ ပဒုမ္မာလမ်းအား ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လမ်းချဲ့ခြင်း၊ ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်‌နေ့၊ နံနက်ပိုင်းအချိန်က တာဝန်ရှိ သူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်၏ စီမံကိန်းလုပ်ငန်းဖြစ်သော ဦးဝတုတ်တံတား တည်ဆောက်ပြီးစီးမှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်သူများ သွားလာမှု အဆင်ပြေချောမွေ့စေရန်နှင့် မြို့ရွာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန် အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာရေးနှစ်၏ စီမံကိန်းလုပ်ငန်းဖြစ်သော အမှတ်(၉)ရပ်ကွက် မြစပါယ်လမ်း ဦးဝတုတ် တံတား တည်ဆောက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ ညနေ ၄ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ထွန်းနှင့် လမ်းတံတား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
Subscribe to