ဇလွန်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံသို့ ကြိုတင်မဲဆန္ဒရှင် လက်မှတ်များနှင့် မဲရုံးသုံးပစ္စည်းများ ထုတ်ပေး

ဇလွန် အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် ကြိုတင်မဲဆန္ဒရှင် လက်မှတ်များနှင့် မဲရုံးသုံးပစ္စည်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ ထုတ်ပေးနေကြောင်း သိရသည်။

ထိုသို့ကြိုတင်မဲဆန္ဒရှင် လက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများကို ထုတ်ပေးရာတွင် မဲရုံ၌အသုံးပြုမည့် မဲပုံး၊ ဆန္ဒပြုခန်း၊ ခြင်းတောင်း၊ ချိတ်ထိုးတံဆိပ်တုံး၊ ဆန္ဒပြုတံဆိပ်တုံးများ၊ လုံခြုံရေးကြိုးများ၊ ဆာလာအိတ်များ၊ စတစ်ကာများနှင့် မဲရုံတွင်အသုံးပြုရမည့် ပုံစံများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ထံသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဇလွန်မြိုနယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၇၁)အုပ်စု၌ မဲရုံပေါင်း(၁၆၆)ရုံရှိပြီး နေ့အထိမဲဆန္ဒရှင်ဦးရေ (၁၃၂,၀၆၅)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)