ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး Mask များ တပ်ဆင်ရန် ပညာပေးခြင်း/ ဒဏ်ရိုက်ခြင်းများဆောင်ရွက်

တွံတေး အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှု မဖြစ်ပေါ် စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  Mask တပ်ဆင်ခြင်း ရှိမ၊မရှိစစ်ဆေး ဆောင်ရွက်ခြင်းကိုတွံတေးမြို့မစည်ပင်သာယာစျေးနှင့်၊ ဗောင်းတော်ချုပ်ဘုရားလမ်းဆုံ တို့၌ယနေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။ ကိုဗစ်-၁၉ကူးစက်ပျံနှံမှုကာလအတွင်းရောဂါကာ ကွယ်ထိန်းချုပ်  တားဆီး ရေးအတွက် ပြည်သူများအနေဖြင့် ပြင်ပသို့သွားလာရာတွင်လည်း ကောင်း၊စျေးရောင်း၊ စျေးဝယ်ပြုရာ တွင်လည်းကောင်း Maskတပ်ဆင်ခြင်း Social Distancing  နှင့်အညီ နေထိုင်သွား လာရန်ညွှန့်ကြား ထားရှိသော်လည်း တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊စျေးများ၊ လမ်းသွားလမ်း လာများ၊ စျေးများတွင်အချို့ Maskမတပ်ခြင်းရှိသူများ အားဒဏ်ကြေးငွေ(၁၅၀) ကျပ်Maskတန်ဖိုး ၅၀ကျပ်နှစ်ခုပေါင်း (၂၀၀)ကျပ်သတ် မှတ်ကောက် ခံလျက်Maskဖြန့်ဝေတပ်ဆင်စေရေး ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူးဦးဆောင်၍ သက်ဆိုင်ရာဌာန များမှ တာဝန်ရှိသူများကနေ့စဥ်ဆောင်ရွက်လျက်ရှိရာ စစ်ဆေးဆောင်ရွက်နေစဥ်အတွင်းကျား(၂၅)ဦး၊ ()ဦးကို ဒဏ်ကြေး  ငွေရိုက်ခြင်းနှင့်အသိပညာပေးခြင်းများဆောင်ရွက်ပေးခဲ့ရကြောင်းသိရသည်။ 

Mask များဖြန့် ဝေရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ ကြပြီး ခရီးသွား ပြည်သူများ၊ လမ်းသွားလမ်းလာများ၊ ဈေးသွားဈေးလာ လူထူထပ်သည့် နေရာများ တွင် Mask ယူဆောင် အသုံးပြု  တပ်ဆင်ခြင်း အလေ့အထရှိစေရေး၊ လမ်းသွား၊ လမ်းလာပြည်သူများ Mask တပ်ဆင်ခြင်း မရှိသူများ အား Mask များ ဝယ်ယူတပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းများဖြင့် အရှိန်အဟုန်မြှင့်ပညာပေး ဆောင်ရွက်ပေး  လျက်ရှိကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)

၀၉၇၉၉၂၇၁၇၈၂