လောက်ကိုင် အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊လောက်ကိုင်မြို့နယ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီက အထက-၂ ကျောင်းတွင် မဲရုံမှူး ၊ ဒုတိယမဲရုံမှူး ဆင့်ပွားသင်တန်းအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦးစီးဌာနမှ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားမှူး ဦးအာကာမင်းမှ သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြိုနယ်ပညာရေးမှူး ဦးကျော်ဝင်းမှ သင်တန်းသားများအား မိမိတို့၏တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပေးကြရန် ပြောကြားသည်။
သင်တန်းအား အောက်တိုဘာ(၂၅)ရက်နေ့တွင် အပိုင်း(၂)ပိုင်းခွဲ၍ သင်ကြားပို့ချခဲ့ပြီး ပညာရေး ဝန်ထမ်း သင်တန်းသား(၅၈)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရသည်။
နန်းခွာညိုနှင်း (ပြန်/ဆက်)