ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ လိုက်နာမှု ရှိ/မရှိစစ်ဆေး

ကြံခင်း အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်ချထားပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ လမ်းဘေးဈေးဆိုင်များအား ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့အတွင်းရှိ ဈေးဆိုင်များနှင့် မြို့မဈေးတို့တွင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးခြင်းသည် အခြေခံစားသောက်ကုန် ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ ရောင်းချလျက်ရှိသည့် ဆိုင်များအား စက်တင်ဘာ(၂၁)ရက်နေ့မှစပြီး ကိုဗစ်-၁၉ ရောဂါကူးစက်မှု များပြားလာသည့်တွက် ကူးစက်ပျံ့နှံ့မှုအန္တရာယ်မှ ကင်းဝေးစေရန် အောက်တိုဘာ(၃၁)ရက်နေ့ထိ တိုးမြှင့်သတ်မှတ် ရောင်းချခွင့်ပြုထားရာ နေ့စဉ်နံနက်(၆)နာရီမှ မွန်းလွဲ ၂ နာရီအထိ၊ ဆေးဝါးပစ္စည်း ရောင်းချလျက်ရှိသော ဆိုင်များအား ည(၇)နာရီအချိန်ထိ ဖွင့်လှစ်ရောင်းချနေမှုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရန် အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပူးပေါင်းကြပ်မတ် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)