ကမာရွတ် အောက်တိုဘာ ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲရေးလုပ်ငန်းတာဝန်ခံ အဖွဲ့ မြို့ပြ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ မြို့နယ်သန့်ရှင်းသာယာလှပ ရေး အတွက် နေ့တာဝန် ညတာဝန်ထမ်းဆောင်နေကြသော သန့်ရှင်းရေးဝန်ထမ်းများအား ယမန်နေ့ နေ့လယ်ပိုင်းက We Love Yangon (Kamayut) အဖွဲ့မှလာရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် သန့်ရှင်းရေးဝန်ထမ်းများအား we love Yangon (kamayut)အဖွဲ့မှ ဆန်(၆) ပြည်ပါ အိတ် (၃၀)၊ ငါးသေတ္တာ (၇၅)ဗူး၊ ခေါက်ဆွဲခြောက် (၃၀) ပါထုတ် ( ၁၅) ဖာ၊ ဆီ (၁၅)ဘူး၊ Royal-D (၂၈)ဘူး၊ တို့အား ဝန်ထမ်း (၃၀) ဦးခန့်အား လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူက လက်ခံရယူပြီး သန့်ရှင်းရေးဝန်ထမ်းများအား ပြန်လည်ခွဲဝေပေးအပ် ခဲ့ကြောင်းသိရသည်။
စိမ်းလဲ့(ပြန်/ဆက်)