ကျောက်တံခါးမြို့နယ် မြစိမ်းရောင်စီမံကိန်း (၁၁)ရွာတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ် ဆေး

ကျောက်တံခါး အောက်တိုဘာ ၂၇

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှုကို ကုစားမှုအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားထိခိုက်မှုများ ဖြစ်ပေါ်နေပြီး လုပ်ကွက်ငယ်တောင်သူများ၊ ထုတ်လုပ် ရောင်းချနေသူများ၊ အသေးစားစီးပွားရေး လုပ်ကိုင်နေသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ထူထောင်နိုင်ရန်နှင့် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေရရှိ သည့် မကျီးပင်ကျေးရွာအုပ်စု ခင်သာကျေးရွာနှင့် သံပုရာခုံကျေးရွာအုပ်စု ခင်ကန့်လန့်ကျေးရွာတို့အား ရန်ပုံငွေကျပ်(၃၀၀) သိန်းအား ထုတ်ချေးခဲ့မှုအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်နေမှုနှင့် စာရင်းဇယားများ ဖြည့်သွင်းထားရှိမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါကျေးရွာများ မတည်ရန်ပုံငွေစီမံကိန်းရရှိမှုကြောင့် ကျေးရွာသူ၊ ကျေးရွာသားများ မူလစိုက်ပျိုးရေး မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများ တိုးချဲ့နိုင်ခဲ့သဖြင့် အကျိုးကျေးဇူးများစွာ ရရှိခံစားနေရပြီဖြစ် ကြောင်း သိရသည်။ ထို့အတူ ပဲခူးခရိုင် ဦးစီးမှူး ဦးသန်းဦးနှင့် အဖွဲ့သည် ကျောက်တံခါးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် CERP Plan အရ Cash For Work(CFW) စီမံကိန်းကျေးရွာ(၁၁)ရွာမှ ဆောင်ရွက်ခဲ့သော အင်းပတ်လည်ကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ စာသင် ကျောင်း လမ်းမြေသားလမ်းဆောင်ရွက်ခြင်း၊ ကျေးရွာတွင်း အမှတ် (၇)လမ်းဂဝံခင်းခြင်းနှင့် မြို့ချောင်း ကျေးရွာအုပ်စု၊ မြို့ချောင်းရွာမကျေးရွာ အမှတ်(၁)လမ်း ဂဝံခင်းခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စန်းစန်း(ပြန်/ဆက်)