ဗဟန်း အောက်တိုဘာ ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ စုပေါင်း ၍ ကိုဗစ်-၁၉ ရောဂါ stay at home ကာလအတွင်း သံဃာတော်နှင့် သီလရှင်များမှ ဆွမ်းကိစ္စအဆင်ပြေစေရန်အတွက် နဝကမ္မအလှူငွေ (၂) သိန်းအား ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းသို့ လှူဒါန်းရာတွင် ရန်ကုန်တိုင်းဒေသကြီးတွင် stay at home ကာလအတွင်း ဗဟန်းမြို့နယ်၊ အောင်မြေသုခ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ သံဃာတော်များ၊ သီလရှင်များအတွက် ဆွမ်းကိစ္စအဆင်ပြေစေရေးအတွက် နဝကမ္မအလှူငွေ (၂) သိန်းအား ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရပ်ကွက်အတွင်းရှိ ပြည်သူများအား တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်နှုန်းဖြင့် အိမ်ထောင်စု (၁၀၀)အတွက် ဆန်များကို ဝေငှလှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)