စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် မိုးစပါးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်မှုရှိမရှိ ကွင်းဆင်းဆောင်ရွက်

ရေဦး အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး  ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန   ချမ်းသာစိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ (KC) နယ်မြေအတွင်းရှိ  မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိမရှိ    ကွင်းဆင်းစစ်ဆေး နည်းပညာပေးနိုင်ရေးအတွက်  အောက်တိုဘာ ၂၇ ရက်နံနက် ၉ နာရီက (KC) တာ၀န်ခံ၊ မျိုးစေ့တာ၀န်ခံနှင့် ၀န်ထမ်းများမှ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

ထိုသို့စစ်ဆေးရာတွင် ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မြင့်ထွန်းနှင့် (KC )ဝန်ထမ်း များ၊မျိုးစေ့တာဝန်ခံ၊ ပိုးမွှားတာဝန်ခံ တို့မှ အဖွဲ့နှစ်ဖွဲ့ခွဲ၍  မိုးစပါး   မျိုးစေ့ထုတ် စိုက်ခင်းများတွင် မျိုးကွဲပါဝင်မှု၊  ပင်ပွားထွက်ရှိမှု အခြေအနေ၊ ပိုးမွှား ကျရောက်မှု ရှိ/ မရှိ၊  ပေါင်းမြက် ကင်းစင်ရေး၊ အထွက်နုန်း သိရှိနိုင်ရေးတို့အတွက် ကွင်းဆင်း စစ်ဆေးခဲ့ပြီး ပိုးမွှားအန္တရာယ် ကာကွယ်နိုင်ရေး နည်းလမ်းများနှင့် ပိုးမွှားများ ကျရောက်ခဲ့ ပါက သဘာဝပိုးသတ်ဆေးများ ဖျော်စပ်၍ အသုံးပြုနိုင်ရေးအတွက် တောင်သူ များနှင့်တွေ့ဆုံပြီး နည်းပညာပေးခြင်းများ  ဆောင်ရွက်ခဲ့ကြသည်။

ရေဦးမြို့နယ်ချမ်းသာနည်းပညာပြန့်ပွား‌ ရေးစင်တာတွင် စီးပွားရေးကုစားမှု CERP အစီအစဥ်ဖြင့်  ပေါ်ဆန်းရင်မိုးစပါးမျိုးစေ့ထုတ်( ၁၀၀ )ဧက၊  ဧရာမင်း( ၅ )ဧက၊ ရွှေသွယ်ရင် ၂၂ ဧက၊ ဆည်ရေသောက်အနေဖြင့် ၁၅၈၄၄ ဧက၊ မိုးကောင်းသောက်ဧက ၁၇၂၁ ဧက စုစုပေါင်း ၁၇၅၆၅ ဧကစိုက်ပျိုးထားပြီး သက်ဆိုင်ရာ စိုက်ကွင်းတာဝန်ခံများ နှင့်ဝန်ထမ်းများက အထွက်နုန်း ကောင်းမွန်ရေး         မျိုးကောင်းမျိုးသန့်    ရရှိရေးတို့အတွက်      လိုအပ်သည့် နည်းပညာများကို တောင်သူများနှင့်ပူးပေါင်း၍   ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရှိရ သည်။

သန်းထိုက်( ရေဦး )