ရှမ်းရွာသစ် အောက်တိုဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေး အန္တရာယ်ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်ရန်အတွက် မီးဘေးအန္တရာယ်လုံခြုံရေးစစ်ဆေးခြင်းကို ရှမ်းရွာသစ်မြို့ မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးဦးရီဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့ က လူနေအိမ်များတွင် မီးသုံးစွဲမှုအခြေအနေစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်နည်း စနစ်များကို လက်တွေ့ပြသခြင်း၊ လမ်းဆုံလမ်းခွများတွင် မီးဘေးအန္တရာယ်အသိပညာပေး လိုက်လံ ဆော်ဩပေးခြင်း၊ ပေါက်ကွဲမီးလောင်နိုင်သော ပစ္စည်းများနှင့် လောင်စာဆီများ သိုလှောင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးလောင်မှုကြီးများ အပေါ်ပေါက်စေရေးအတွက် မီးသတိမူရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)