ကျောက်ဆည် အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လှည့်လည်ပြီး စက်ဘီးနှင့်လှည့်လည်ဈေးရောင်းချနေသူများ နှင့် သက်ကြီးအဘိုး၊အဘွား(၁၀၀)ဦးအား ယနေ့နံနက်(၇)နာရီက ပေါက်တောရပ်ကွက် အောင်ချမ်းသာ ဆန်စက်ဝန်းအတွင်း အလှူရှင်ဦးကိုကိုမောင် နှင့်ဒေါ်မေမြင့်သီ မိသားစုမှ ပစ္စည်း(၇)မျိုးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိ ရသည်။
ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းများနှင့်ပတ်သက်၍ ကျွန်တော်အလုပ်ကိစ္စနဲ့အပြင်သွားတဲ့အခါ ဈေးပန်းရွက်ပြီးဈေးရောင်းချသူတွေနဲ့ စက်ဘီးနဲ့ ဈေးရောင်းပြီး စားဝတ် နေရေး ဖြေရှင်းနေသူတွေမြင်ရတော့ စိတ်မကောင်းဖြစ်မိတယ် ဒါကြောင့်ရပ်ကွက်ထဲမှာ သမာအာဇီဝ လုပ်ကိုင် စားသောက်နေ သူတွေနဲ့ အသက်ကြီး အဘိုး၊အဘွားတွေပါလှူဖို့ စာရင်းကောက်ပြီး လှူဒါန်းပေးခြင်းဖြစ်ကြောင်း အလှူရှင် ဦးကိုကိုမောင်က ပြောပြသည်။
ထိုသို့ လှူဒါန်းရာတွင် ငွေကျပ်(၁)သောင်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်၊ ကုလားပဲဆန် ပစ္စည်း(၇)မျိုးကို ပေါက်တောရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ အေးမြကြည်လင်ရပ်ကွက်၊ ထနောင်ပင်ကျွေးများ အတွင်းနေထိုင်သူများအား အများဆုံး လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)