ဝေါလေမြိုင် အောက်တိုဘာ ၂၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများသည် ဝေါလေမြိုင်မြို့အတွင်းရှိ ရပ်ကွက်များသို့ လှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝေါလေမြိုင်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ရဲလင်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းသို့လှည့်လည်၍ ပြည်သူများအနေဖြင့် မီးဖိုချောင်တွင် မီးကြွင်းမီးကျန်များ မကျန်ရှိအောင် သတိပြုကြရန်၊ နေအိမ်များတွင် မီးချိတ်/မီးကပ်များနှင့် သဲပုံး/ရေပုံးများ ထားရှိကြရန်၊ လျှပ်စစ်မီး/ဆိုလာမီးများ အသုံးပြုရာတွင် အမြဲတမ်းသတိရှိရန်နှင့် နေအိမ်တွင်လူမရှိဘဲနှင့် ဖယောင်းတိုင်မီးများ မထွန်းကြရန်စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)