ဝက်လက် အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ (၂)ဦး၊ စောင့်ကြည့်လူနာ (၁)ဦး၊ လူနာစောင့် (၁)ဦး နှင့် ကျန်းမာရေး ဝန်ထမ်းများ အသုံးပြုနိုင်ရန်အတွက် We love Wetlet အဖွဲ့မှအားဖြည့်စာများကို အောက်တိုဘာ ၂၆ရက်နေ့ နံနက် အချိန်ကလာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ အားဖြည့်စာများ လှူဒါန်းရာတွင် We love Wetletအဖွဲ့ ဥက္ကဌ ဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း ၊ အတွင်းရေးမှူး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း ၊ ဘဏ္ဍာရေးမှူး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းထွန်းနှင့်အဖွဲ့ဝင်များက အားဖြည့်စာများဖြစ်သော ခါကြက်ဥပေါင်း ၂ဗူး၊ အင်္ဂလိပ်တိုစ် 330ဂရမ်၂ဗူး၊ ဒန်နီဆာ ၂ဗူး၊ လင်းစန္ဒာလက်ဖက် ၂ဗူး၊ ပွဲတော်အုပ်အကြော်စုံ ၂ဗူး၊ BRANDSငှက်သိုက် ၂ဖာ၊ ယမ်ယမ်ခေါက်ဆွဲချဉ်စပ် ၂ဝထုပ်တို့ကို့ မြို့နယ်ဆရာ ဝန်ကြီး ဒေါက်တာသန့်ဇင်လတ်နှင့်သူနာပြုဆရာမများက လက်ခံရယူခဲ့ကြသည်။ထို့ပြင် We love Wetlet အဖွဲ့မှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၂)ဦး ၊စောင့်ကြည့်သူ( ၁)ဦး၊ လူနာစောင့် (၁)ဦးနှင့် ၎င်းတို့ကိုကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသော ကျန်းမာရေးဝန်ထမ်း( ၃)ဦးတို့ကို နေ့လယ်စာ၊ညနေစာများကို အောက်တိုဘာ ၂၅ရက်နေ့မှစတင်ကာ နေ့စဉ်လှူဒါန်းပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက သိရသည်။
ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၂)ဦးမှာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် မှဝက်လက်မြို့နယ် ရွာနန်းကျေးရွာသို့ပြန်လာပြီး ရွာနန်းကျေးရွာဆေးပေးခန်းတွင် အသွား အလာ ကန့်သတ်ထားသူ (၈)ဦးတို့ကို swap နမူနာများယူပြီး မန္တလေးပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာသို့ ပေးပို့စစ်ဆေးခဲ့ရာမှ ကျား ၁၉နှစ်တစ်ဦးနှင့် မ ၂၁နှစ်တစ်ဦးတို့ထံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ပြီး အောက်တိုဘာ ၂၅ရက်နေ့တွင် ရွာနန်းကျေးရွာဆေးပေးခန်း CBFQမှ ဝက်လက်မြို့ ပြည်သူ့ဆေးရုံ (သံဃာဆောင်)သို့ပြောင်းရွှေ့ကာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်လတ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အလှည့်ကျ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
ဥမ္မာဝင်း(ဝက်လက်)