ဖျာပုံ အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေများအတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးဆက်စပ် ပစ္စည်းများ၊ ကိုဗစ်ကာကွယ်ရေး သုံးပစ္စည်းများအား ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်သို့ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်ထွေ/အုပ်အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ရွေးကောက်ပွဲဆန္ဒမဲ လက်မှတ်နှင့် မဲရုံသုံးဆက်စပ်ပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများကို ဖျာပုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မူမူရွှေနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၇၅)အုပ်စုမှ မဲရုံပေါင်း(၂၄၉)ရုံအတွက် ဆန္ဒမဲလက်မှတ်၊ မဲရုံသုံးဆက်စပ်ပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအား ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ ထုတ်ပေးခဲ့ကြသည်။
ဖျာပုံမြို့နယ်အနေဖြင့် Stay at Home မြို့နယ်ဖြစ်ခြင်းကြောင့် သက်ကြီးရွယ်အိုများ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ နိုဝင်ဘာ(၆)ရက်၊ (၇)ရက်နေ့တွင် အသက်(၆၀)ဆယ် ပြည့်သူများအား အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲကို အောက်တိုဘာလ(၂၉)ရက်နေ့မှ စတင်ကောက်ခံသွားမှာ ဖြစ်ပြီးမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ(၂)သိန်းကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အောင်ဝင်းနိုင် (ပြန်/ဆက်)