စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် မဲရုံလုပ်ငန်းများနှင့် မဲပေးပုံအဆင့်ဆင့်အား လက်တွေ့သရုပ်ပြနေမှုများအား တာဝန်ရှိသူ များမှကြည့်ရှုစစ်ဆေး

ကောလင်း အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံလုပ်န်းများနှင့် မဲပေးပုံအဆင့်ဆင့်အား မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် ရပ်/ ကျေးကော်မရှင်အတွင်းရေးမှူးများအား ယနေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

 အဆိုပါ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး ၊ ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများကို မဲရုံလုပ်ငန်းများ၊ မဲပေးပုံ အဆင့်ဆင့်အား   ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးရေး လမ်းညွှန်ချက်နှင့်အညီ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်နေမှုအားကသာခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိဦးအောင်မင်းဦး၊ ကသာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ကောလင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးရဲမြတ်သိန်း၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ချစ်စုလှိုင်တို့က ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြင့်ထွန်းမင်း(ကောလင်း)