ဇေယျာသီရိ အောက်တိုဘာ ၂၇
ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာတွင် ယနေ့နံနက်က ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေမှု အခြေအနေများအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထူးကိစ္စရပ်များအနေဖြင့် ကြေညာချက် ထုတ်ပြန်၍ ကြိုတင်ဆန္ဒမဲပေးခွင့်ပြုထားသဖြင့် အသက် (၆၀)နှင့်အထက် မဲဆန္ဒရှင် သက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲများလာရောက်ပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထ ွေရွေးကောက်ပွဲတွင် အသက်(၆၀)နှင့်အထက် သက်ကြီး ဘိုးဘွားများကို အောက်တိုဘာ ၂၅ ရက်နေ့မှစတင်၍ နိုဝင်ဘာ ၇ ရက်နေ့အထိ ကြိုတင် ဆန္ဒမဲများ ပေးရမည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ ကိုယ်တိုင်သွားရောက်၍ ကြိုတင်ဆန္ဒမဲများ ပေးနိုင်မည်ဖြစ်သည်။
အဆိုပါ ရေဆင်းကျေးရွာ၌ မဲရုံပေါင်း (၈)ရုံရှိပြီး ရေဆင်းကျေးရွာအုပ်စုတွင် ယနေ့နံက်ပိုင်းမှစ၍ နယ်မြေ (၁)နှင့် နယ်မြေ (၂)မှ အသက် (၆၀)နှင့်အထက် သက်ကြီး ဘိုးဘွားများ (၂၃ဝ)ကျော်ခန့်ကြိုတင် ဆန္ဒမဲများ ပေးသွားမည်ဖြစ်ကြောင်း ရပ်ကျေးကော်မရှင် အတွင်းရေးမှူးထံမှ သိရသည်။
သဲစုလွင်(ဇေယျာသီရိပြန်/ဆက်)