ကွမ်းခြံကုန်း အောက်တိုဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တွင်ကူးစက်မြန်ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက်ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများပူး ပေါင်းပါဝင်သောကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကိုဖွဲ့ စည်း၍အသိပညာပေးခြင်း၊စည်းကမ်းလိုက်နာမှုမရှိသူများအား ဒဏ်ငွေပေး ဆောင်စေခြင်းများကို ယမန်နေ့မနက်(၉)နာရီကစ၍ မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ် လမ်းမကြီး ပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းနှင့်စည်းကမ်းထိန်း သိမ်းရေးဆောင်ရွက်မှုကိုမြို့မဈေးကြီး အတွင်း ဈေးရောင်းချသူ ဈေးဝယ်သူများအားကို ဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရေး အတွက်နှာ ခေါင်းစည်း(mask)ကိုစနစ် တကျတပ်ဆင်ရန်အရောင်းအဝယ် ပြုလုပ်ရာတွင် တစ်ဦးနှင့် တစ်ဦး(၆) ပေအကွာရောင်းချရန် အသိပေးနှိုးဆော်ခြင်း လိုက် နာမှုမရှိသူများအားဒဏ်ငွေ(၂၀၀) ချက်ချင်းပေးဆောင်စေ၍ နှာခေါင်းစည်း(mask)တစ်ခုပေးပြီး တပ်ဆင်စေခဲ့ကြောင်းသိရ သည်။
အလားတူမြို့လယ်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင်လမ်း သွားလမ်းလာများ၊စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များ ပေါ် တွင်စီးနင်းလိုက်ပါလာသူများအားကိုဗစ်-၁၉ကာကွယ်ရေးနည်း လမ်းများအားအသိပေးနှိုးဆော်ခြင်း၊ အပြင်ထွက် တိုင်း(mask) တပ်ရန်နှင့်(mask)တပ်ဆင်ခြင်းမရှိသူများအားဒဏ်ငွေပေး ဆောင်စေခြင်းဖြင့် အလေး ထား လိုက်နာမှုရှိစေရန် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)