ခန္တီး အောက်တိုဘာ ၂၇
၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပေါ်ရှိ မဲရုံများဖြစ်သည့် ဇီးဖြူကုန်း အ.မ.က၊ နားမေတ္တာ အ.မ.က၊ မြို့မ အ.ထ.က(ခွဲ)နှင့် ပေါမိုင်း တရုတ်ဘုံကျောင်းတို့တွင် မဲရုံနေရာစီစဉ်ထားမှုနှင့် မီးဘေးလုံခြုံမှုရှိ/ မရှိကို ယနေ့ နေ့လယ်က ခရိုင်လျှပ်စစ်အင်ဂျင် နီယာမှူး ဦးဇော်ထွန်းဦးဆောင်၍ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ခရိုင်လျှပ်စစ်အင်ဂျင် နီယာမှူးနှင့်အတူ လျှပ်စစ်ရုံးဝန်ထမ်း၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးပြည့်စုံအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)