ပခုက္ကူခရိုင် မြိုင်မြို့တွင် တောင်ယမားရေလှောင်တမံ ရေစိမ့်ဝင်မှုကြောင့် ပြောင်းရွှေ့ အိမ်ထောင်စု များအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံငွေများ ပေးအပ်

မြိုင်    အောက်တိုဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် တောင်ယမားရေလှောင်တမံ ရေစိမ့်ဝင် မှုကြောင့်ပြောင်းရွှေ့အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများကို ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန က ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

မြိုင်မြို့နယ်ရှိ တောင်ယမားရေလှောင်တမံ ရေစိမ့်ဝင်မှု ကြောင့် ငါးလင်း‌စေ့ကျေးရွာနှင့် ပေါက်ရင်း ကျေးရွာတို့ ပြောင်းရွှေ့ခဲ့ရခြင်းကြောင့် ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနက  အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများကို ပြောင်းရွှေ့ခဲ့ရသော ငါးလင်းစေ့ ကျေးရွာ မှ အိမ်ထောင်စု(၅၅) စု နှင့် ပေါက်ရင်းကျေးရွာမှအိမ်ထောင်စု(၁၁)စု အတွက် အိမ်ထောင်စု တစ်စု လျှင်ကျပ်တစ်သိန်းနှုန်းဖြင့် စုစု‌ပေါင်းကျပ်၆၆သိန်းကိုပြောင်းရွှေ့ ကျေးရွာ များမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရွာခွဲတာဝန်ခံများ လက်ဝယ်သို့ ထောက်ပံ့ပေး အပ်သည်။

အဆိုပါထောက်ပံ့ပေးအပ်ရာသို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေး နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ခိုင်တို့ တက်ရောက်ခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက ထောက်ပံ့ငွေများ ကိုသက်ဆိုင်ရာအိမ်ထောင်စုများထံသို့ အဆင်ပြေချောမွေ့စွာပေးအပ် ထောက်ပံ့ နိုင်ရေး လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။

သူရ(ပုံတောင်)