ကျိုက်မ​ရော မြို့နယ် အထူးရဲ သင်တန်းတွင် မီဒီယာဥပ​ဒေ နှင့်ကျင့်ဝတ်သင်ခန်းစာ သင်ကြား ပို့ချ ​နေမှုများအားတာဝန်ရှိသူများစစ်​​ဆေး

ကျိုက်မ​ရော       ​အောက်တိုဘာ      ၂၇


မွန်ပြည်နယ်၊ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အ​ထွေထွေရွေး​ကောက်ပွဲ ​အောင်မြင် စွာ ကျင်းပနိုင်​ရေးအတွက် မဲရုံအသီးသီး၌ လုံခြုံ​ရေး တာဝန်ထမ်း​ဆောင်ကြမည့်အထူးရဲ သင်တန်းကို ​အောက်တိုဘာလ၁ရက်​နေ့မှ စ၍ အထကကျိုက်မ​ရော(ပညာ့အားမာန်)ခန်းမ၌ ဖွင့်လှစ်သင်ကြား လျက်ရှိရာ ယ​နေ့နံနက် ၉နာရီခန့်ကသင်တန်းသားများအား မီဒီယာဥပ​ဒေနှင့် ကျင့်ဝတ် သင်ခန်းစာများကို စာ​တွေလက်​တွေ့သင်ကြားပို့ချ​ပေးလျက်ရှိ​ကြောင်း သိရသည်။

အဆိုပါအထူးရဲသင်တန်းသားများစာ​တွေ့လက်​တွေ့သင်ကြား​နေမှုများကို ကျိုက်မ​ရော မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မင်း​အောင်နှင့် သင်တန်းနည်းပြရဲအုပ်များက လာ​ရောက်စစ်​ဆေးကြည့်ရှုခဲ့​ကြောင်းသိရသည်။
ထိုသို့စစ်​ဆေးရာ၌ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးမင်း အောင်က ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ရက် ​နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲ​အောင်မြင်စွာ ကျင်းပနိုင်​ရေး အတွက် အထူးရဲ သင်တန်းသားများအ​နေဖြင့်​လေ့ကျင့်သင်ကြား​ပေးမှု အ​ခြေအ​နေ၊ စာ​တွေ့ လက်​တွေ့သင်ကြား​ပေးမှုအ​ခြေအ​​နေ၊ စစ်​ရေးပြသင်ကြား​ပေးမှု၊ မဲဆန္ဒရှင်ပြည်သူများ လုံခြုံ စိတ်ချစွာ  မဲ​ပေးနိုင်​ရေးအတွက် ​​ရွေး​ကောက်ပွဲ ဆိုင်ရာအထူးရဲသင်တန်းသားများ၏ ​ဆောင်ရွက် ရမည့်လုပ်ငန်းတာဝန်များ​နေထိုင်မှု စား​သောက်မှုအ​ခြေအ​နေများနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်​ရေးအတွက် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီသင်တန်း ဖွင့်လှစ်​နေမှုများအားကြည့်ရှုစစ်​ဆေးခဲ့ပြီးလိုအပ်သည်များကိုလမ်းညွှန်ခဲ့​ကြောင်းသိရသည်။

ချိုချို(ပြန်/ဆက်)