မြဝတီမြို့ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ်သူများအား နှာခေါင်းစည်းများနှင့် Face shield များ တပ်ဆင်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

မြဝတီ အောက်တိုဘာလ ၂၇

မြဝတီမြို့ဈေးများ၌ ရောင်းချလျက်ရှိသော စျေးသည်များနှင့်စျေးဝယ်သူများ နှာခေါင်းစည်းများတပ် ဆင်ရန် နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့ရှိ ဘုရင့်နောင်ဈေးတွင်ဈေးအတွင်းအပြင်တွင် ရောင်းချလျက်ရှိသော စျေးသည်များနှင့် စျေးဝယ်သူများကို ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရန်အတွက် စျေးအတွင်းဝင်ရောက်ပါက နှာခေါင်းစည်းများတပ်ဆင်ပြီးမှ ဝင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက်ရည်ရွယ်၍ မြဝတီမြို့ စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍   ဈေးရောင်း၊ ဈေးဝယ်သူများအား နှာခေါင်းစည်းများနှင့် Face shield များ တပ်ဆင်မှု ရှိ၊ မရှိ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက် ပေးခဲ့သည်။

ထို့ပြင် မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်လင်းဦးနှင့်  မြဝတီခရိုင် ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးကော်မတီဝင်တို့က စျေးများရောင်းချလျက်ရှိသော စျေးသည် များနှင့် စျေးဝယ်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာမှု ရှိ/ မရှိ ကိုလည်း ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်