မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကြိုတင်ဆန္ဒမဲပေးခြင်း ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဆိပ်ဖြူ   အောက်တိုဘာလ ၂၇

မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် ၊မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ က ၂၀၂ဝပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူ ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လုပ်ငန်း လမ်းညွှန်အမှာ စကားများပြောကြားပေးပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်အောင်နှင့် အတွင်းရေးမှူး ဦးဌေးလွင်တို့က  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြိုတင်မဲပေးခြင်း ဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းတင်ပြပေးသည်။ထို့နောက် တက်ရောက်လာသည့် ရပ်ကွက် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက ကြိုတင်မဲပေးခြင်း ဆိုင်ရာလုပ်ငန်းရပ်များအား သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားပေးပြီး မြို့နယ် အုပ်ချုပ် ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထို့နောက် ကြိုတင်မဲလက်မှတ်များ၊စာအိတ်များ ၊မဲစာရင်းစာအုပ်များနှင့် မြို့နယ်အတွင်းရှိ မဲရုံ (၁၀၃)ရုံအတွက်မဲရုံတစ်ရုံလျှင်ကျပ်(၅)သောင်းနှုန်းဖြင့် မဲရုံပြင်ဆင်စရိတ် စုစုပေါင်း ကျပ်၅၁ သိန်းခွဲကို   ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

ကိုဇွဲ(အညာမြေ)