ချောင်းသာ အောက်တိုဘာ ၂၇
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က နိုင်ငံသားစီစစ်ရေးကဒ်ပြား မရှိသေးသော ပြည်သူများအတွက် နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို ရပ်ကွက်(၂) အုပ်ချူပ်ရေးမှူးရုံး၌ အိမ်ထောင်စုစာရင်းမူရင်း ယူဆောင်လာစေပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးရာတွင် ရွှေသောင်ယံမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစီစစ်ရေးကဒ်ပြားများ ရရှိရန် ပြုလုပ်ပေးကာ ချောင်းသာမြို့ ရပ်ကွက်(၂)အတွက် နိုင်ငံသားစီစစ်ရေးကဒ်ပြား မရှိသေးသူ(၉၆)ဦးကို ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ထုတ်ပေးလျက်ရှိပြီး ရပ်ကွက်(၁)နှင့် ရပ်ကွက်(၃) တို့တွင်လည်း ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)