ကျုံပျော် အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ အ.ထ.က (၁) တွင် တက်ရောက်ခဲ့ကြသော ၁၉၉၉ ခုနှစ် ကျောင်းသား ကျောင်းသူဟောင်းများအဖွဲ့က နာရေးကူညီမှုအသင်း (ကျုံပျော်) အရေးပေါ် လူနာတင်ယာဉ်များတွင် အသုံးပြုနိင်ရန် အောက်စီဂျင်စက်တစ်လုံးကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှူကို ဗိုလ်ချုပ်လမ်းရှိ မြတ်ချမ်းသာ ဘုရားကြီး တန်ဆောင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြပြီး၊ လှူဒါန်းသည့် အောက်စီဂျင်စက်၏ တန်ဘိုးမှာ (၄၁၀၀၀၀) ကျပ် ဖြစ်ကြောင်း သိရသည်။
နာရေးကူညီမှုအသင်း (ကျုံပျော်) အနေဖြင့် နာရေးနှင့်လူနာတင်ယာဉ် ကူညီမှုလုပ်ငန်းများကို (၂၄) နာရီ ဆောင်ရွက်ပေးလျက်ရှိပြီး၊ အခြား လူမှုကူညီရေးလုပ်ငန်းများအပြင် လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင်လည်း ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)