စဉ့်ကိုင်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆန္ဒမဲလက်မှတ်များအား ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများသို့ထုတ်ပေး

စဉ့်ကိုင် အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသက် (၆၀) နှစ်အထက်နှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ  ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆန္ဒမဲလက်မှတ်များကို   မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ယနေ့နံနက် (၁၁) နာရီအချိန်က ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ အား ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကံမြင့်ကကြီးကြပ်၍ အတွင်းရေးမှူး ဦးအောင်ဆန်းဦးနှင့် ကော်မတီအဖွဲ့ခွဲ အဖွဲ့၀င်များက ရပ်ကွက် ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င်များသို့ ကြိုတင်ဆန္ဒမဲပေးမည့်သူများ အတွက် ဆန္ဒမဲလက်မှတ်များကို ထုတ်ပေးခြင်းဖြစ်ပြီး ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနက  ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ရပ်ကွက်/ကျေးရွာများ မဲဆန္ဒနယ်မြေများအလိုက် မဲရုံများကိုအဖွဲ့ခွဲ၍ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် မဲရုံပေါင်း(၁၄၂)ရုံတွင် ဆနွမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း (၁၁၈၄၁၈) ဦးရှိပြီး ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင်ပေါင်း (၁၁၆) ဦးရှိရာ ကြိုတင်တင်ဆန္ဒမဲပေးနိုင်သည့် အသက် (၆၀) နှစ်အထက်ရှိသူ (၁၈၂၄၇) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င် များက အဖွဲ့(၆)ဖွဲ့ခွဲ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံး များ၌ ကြိုတင်ဆန္ဒမဲပေးမည့်သူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးစနစ်တကျ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ဆန်းဦး ထံကသိရသည်။

အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်ဆက်)