ကျောင်းကုန်း၌ အသက်(၆၀)ပြည့်ပြီးသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပြင်ဆင်ထားရှိမှုအား လိုက်လံကြည့်ရှု

ကျောင်းကုန်း  အောက်တိုဘာ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ရပ်ကွက်နှင့်ကျေးရွာများရှိ ရွေး‌ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ အသက်(၆၀) ပြည့်ပြီးသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ပြင်ဆင်ထားမှုကို ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မျိုးဝင်း က အမှတ်()ရပ်ကွက်၊ မဲရုံအမှတ်()မိုးလုံလေလုံခန်းမ၌ ပြင်ဆင်ထားမှုအခြေအနေ၊ လိုအပ်ချက်များအား ဖြည့်စွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ ရေဂလုတ်ကျေးရွာ၊ မိုးပြာကျေးရွာ၊ မင်းမနိုင်ကျေးရွာနှင့် ဖုန်းဆိုးကျေးရွာတို့၌ ကြိုတင်ဆန္ဒမဲ  ပေးနိုင်စေဖို့ ပြင်ဆင်ထားမှုများအား လုံခြုံရေးအမြင်ဖြင့် စီမံဆောင်ရွက်ထားရန်၊ ကိုဗစ်-၁၉ ကာလ ဖြစ်သည့်အတွက် လူစုလူဝေး  မဖြစ်စေရေးနှင့် လက်သန့်ဆေးရည်များ စီစဉ်ထားဖို့ မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)