ကျေးသီးမြို့နယ်တွင် အထူးရဲသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 

ကျေးသီး အောက်တိုဘာ    ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး  ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲ ပေးမည့် မဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူး ရဲသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခန့်က ကျေးသီးမြို့နယ် အခြေခံ  ပညာ အထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ကျေးသီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဖြိုးမြင့်ဝေ က  သင်တန်းဆင်းအမှာစကားပြောကြားပြီး  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မျိုးဝင်းက သင်တန်းဆင်း မိန့်ခွန်း ပြောကြားရာတွင်  အထူးရဲများအနေဖြင့် မိမိတို့ ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကိစ္စများကို အောင်မြင်စွာ ဆောင်ရွက် ကြရန်၊ သင်တန်းက ပို့ချသင်ကြားပေးလိုက်သည့် သင်ခန်းစာများကိုလည်း စနစ်တကျ လေ့လာ သင်ယူပြီး လုပ်ထုံးလုပ်နည်းများ၊ ဆောင်ရန်၊ ရှောင်ရန်များကို သေချာ လိုက်နာ ကျင့်သုံးကြရန်၊ ရွေးကောက်ပွဲ လုံခြုံရေးဆောင်ရွက်သည့်အခါ စိတ်ရှည်သည်းခံပြီး လုံခြုံရေး အသိ၊ လုံခြုံရေး သတိနှင့်ဆောင်ရွက်တတ်ရန်လိုအပ်ကြောင်းပြောကြားပြီးနောက် ကျေးသီးမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဉက္ကဌ ဦးတင်ဦးက လုံခြုံရေးအထူးရဲများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ ၊အထူးဂရုပြုရမည့် ဆောင်ရန်၊ရှောင်ရန် ရှိသည့် ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ (၂၈)ရက်ကြာ သင် ကြားပေးခဲ့ပြီး မြို့နယ် အတွင်းရှိ မဲရုံ (၆၀ )ရုံတွင် လုံခြုံရေး တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ ( ၆၀ )ဦး တို့အတွက် တူညီ ဝတ်စုံများနှင့် အထူးရဲခံစားရမည့် လစာ၊ရက္ခာငွေများ ကို မြို့နယ်ရဲတပ်မှူး ရဲမှူးတင်မျိုးဝင်းက ပေးအပ် ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)