မြဝတီ၊ အောက်တိုဘာလ ၂၈
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မြဝတီမြို့နယ်အတွင်းရှိ မဲရုံများတွင် အသုံးပြုမည့် ကြိုတင်မဲလက်မှတ်များကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ ထုတ်ပေးခဲ့သည်။
အဆိုပါကြိုတင်မဲလက်မှတ်များကို မြို့နယ်ရွေးပွဲကော်မရှင်အဖွဲ့မှ ကြိုတင်မဲလက်မှတ်အစောင်ရေ ၄၈၆၀ ကို မြဝတီ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများထံသို့ ပေးခဲ့သည်။
မြဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ မဲဆန္ဒရှင်အနည်းအများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် လူဦးရေ ၁၆၀၀၀၀ ကျော်ခန့်ရှိပြီး မဲရုံပေါင်း ၈၃ ရုံထားရှိဆောင်ရွက်ထားကြောင်း သိရသည်။
မန်းသန်းရွှေမြင့်