မြင်းခြံ၊ အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအဖြစ် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းကို ပန်းပျိုးလက် ဘက်စုံပရဟိတအသင်းက ယနေ့နံနက် ၉ နာရီအချိန်က မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် ဆေးရုံကြီး ရှေ့လမ်းဆုံတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့တွင် ပြည်သူများ အပြင်ထွက်သွားလာလှုပ်ရှားရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိအောင် ကာကွယ်ရေးအနေနဲ့ မဖြစ်မနေနှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်အသုံးပြု သွားလာနိုင်ရေးအဖြစ် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် ဆေးရုံကြီး ရှေ့လမ်းဆုံတို့မှာ အသင်းသူ အသင်းသားများနဲ့ နှာခေါင်းစည်း Mask အခု (၂၅၀၀) ကို အခမဲ့ ဖြန့်ဝေပေးခဲ့ပါတယ် ဟု ပန်းပျိူးလက် ဘက်စုံပရဟိတအသင်းဥက္ကဋ္ဌ ဒေါ်မေသူဝင်းက ပြောသည်။
ပန်းပျိုးလက် ဘက်စုံပရဟိတအသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြို့ဝင်/မြို့ထွက ်ဂိတ်များ၊ Quarantine Centre များတွင် ကူညီဆောင်ရွက်လုပ်ကိုင်လျက်ရှိခြင်း၊ ဝန်ဆောင်မှုအခမဲ့ ဖြင့် ဈေးဝယ်ယူပေးခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကာ ဆက်လက်၍ လည်း လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask များကို အခမဲ့ ထပ်မံဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)