မောက်မယ်မြို့နယ်၌ မဲရုံလုံခြုံရေးအထူးရဲ(၃၂)ဦးသင်တန်းဆင်းပွဲ ကျင်းပ

မောက်မယ် အောက်တိုဘာ ၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပစဉ် မဲရုံလုံခြုံရေး ဆောင်ရွက်နိုင်ရန် အတွက် ခန့်အပ်ထားသော အထူးရဲ(၃၂)ဦးအား အောက်တိုဘာလ ရက်နေ့မှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ သင်တန်းပို့ချခဲ့ရာ ယခုသင်တန်းပို့ချမှု ပြီးဆုံးသောကြောင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် နာရီခွဲက နမ့်ယွန်းခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်နိုင်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး အခမ်းအနားသို့ မောက်မယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြောင်း သိရသည်။  

စိုင်းမျိုးသန့်(မောက်မယ်)