မိုင်းရှူးမြို့၌ ၂၀၂၀ပြည့်နှစ်၊အထွေ ထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲ သင်တန်းဆင်းပွဲကျင်းပပြုလုပ်

 
မိုင်းရှူး အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင် ခရိုင်၊ မိုင်းရှူးမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲ ဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယနေ့နံနက်၇နာရီအချိန်ခန့်က မိုင်းရှူးမြို့၊ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် မိုင်းရှူးမြိို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ် နှင့် မြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး ဇော်နီချစ်တို့က အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲကာလအတွင်း တာဝန် ထမ်းဆောင်မည့် အထူး ရဲများ သိသင့်သိထိုက်သင့်ဘာသာရပ်များ၊ လိုက်နာရမည့်ကျင့်ဝတ်များကို သင်ကြားပို့ချခဲ့ပြီးဖြစ်၍ ဥပဒေနှင့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရန်၊ပေးအပ်သောတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန် ပြောကြား သည်။
အဆိုပါသင်တန်းကို၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ၁ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်းကာလအတွင်း စစ်ရေးပြ (လက်နက်မဲ့)၊ လူ့အခွင့်အရေး၊ ရဲကျင့်ဝတ်၊ ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေ၊ ပြည်သူလူထုပူး ပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ ရာဇသတ်ကြီးဥပဒေ၊ ရဲအက်ဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရဲလက်စွဲ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ရွေး ကောက်ပွဲဆိုင်ရာသိမှတ်ဖွယ်ရာများ၊ သတင်းမီဒီယာဥပဒေနှင့်ကျင့်ဝတ် စသည့်ဘာသာရပ်များနှင့် ကိုယ်လက်ကြံ့ခိုင်ရေးများသင်ကြားပို့ချခဲ့ကြောင်းသိရသည်။
မိုင်းရှူးမြို့နယ်အတွင်း၌၂ဝ၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်မဲရုံပေါင်း (၄၅)ရုံထားရှိမည်ဖြစ်ရာ ခန့်အပ်ထား သည့် အထူးရဲ(၄၅)ဦးအနေဖြင့် သက် ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများ နှင့် ပူးပေါင်း၍ ပြည်သူများလုံခြုံစိတ်ချစွာမဲပေးနိုင်ရေးကို တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)