အလုံ အောက်တိုဘာ ၂၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ အသွားအလာ ကန့်သတ် စောင့်ကြည့်နေရာတွင် လိုအပ်ချက်များကို အသုံးပြုရန်အတွက် ယမန်နေ့က အလှူငွေများ လာရောက် လှူဒါန်းခဲ့ကြောင်းသိရ သည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် အလုံမြို့နယ်ဆင်မင်းစျေးသူ၊စျေးသားများကိုယ်စား ဆင်မင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေမှ အလှူငွေကျပ် ၁၂၀၀၀၀အားလာရောက် လှူဒါန်းခဲ့ရာ တာဝန်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟစိုးနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။.
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အသွားအလာကန့်သတ်စောင့်ကြည့် နေရာများကို အ−ထ-က(၇)အလုံနှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ် ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင် များက နေ့စဉ် အလှူငွေ၊ ကာကွယ်ရေး သုံးပစ္စည်းများနှင့် စားသောက် စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက် ရှိကြောင်းသိရသည်။
တင်တင်ချို(အလုံ)