လားရှိုး၌ အထူးရဲသင်တန်းသားများ သင်တန်းဆင်းပွဲ ကျင်းပ

လားရှိုး  အောက်တိုဘာ ၂၈

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားများ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ()နာရီအချိန်က လားရှိုးမြို့ ၊အမှတ်() အခြေခံပညာအထက်တန်းကျောင်းသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ(၁၅၀)ဦးတို့အား Rapid Test Kit  ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးပေးခြင်းကို လားရှိုးမြို့နယ် ၊ဒုတိယမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဖြိုးသီဟနိုင် နှင့် ကျန်းမာရေးဝန်ထမ်းများက အောက်တိုဘာ(၁၂)ရက်နေ့က စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အထူးရဲသင်တန်းသား(၁၅၀)ဦးတို့သည် လားရှိုးမြို့နယ်ရှိ မဲရုံ(၁၅၀)တွင် ရွေးကောက်ပွဲ ကာလ၌ တာဝန်ထမ်းဆောင်ကြ ရမည်ဖြစ်ကာ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်း ချက်များနှင့် လမ်းညွှန်ချက်များ၊ လိုက်နာရမည့်လုပ်ငန်းစည်းကမ်းချက်များကို လားရှိုးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ လားရှိုးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သင်တန်းအား ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများ သင်တန်းဆင်းပွဲသို့ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညား ဦး တက်ရောက်ခဲ့ကာ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထွန်းခိုင်က သင်တန်းနည်းပြများအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဟန်ဌေး(လားရှိုး)