မြောင် အောက်တိုဘာ ၂၈
စစ်ကိုင်းခရိုင်၊ မြောင်မြိုနယ် ရဲတပ်ဖွဲ့မှကြီးမှူး၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် လုံခြုံရေးတာဝန်များ ဆောင်ရွက်မည့်မြို့နယ်ရပ်ကွက်ကျေးရွာ အသီးသီး မှ အထူးရဲတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကို ယနေ့ နံနက်(၉)နာရီက ဝင်းသိင်္ဂီ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဆင်းပွဲတွင် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဆန်းဦးက အမှာစကား ပြော ကြားပြီးအထူးရဲတပ်ဖွဲ့ဝင်များ၏ ကျင့်ဝတ်(၁၂)ချက်ကို လိုက်နာ၍ မိမိတို့တာဝန် ထမ်းဆောင်ရမည့်မဲရုံများအား အထူးကြီးကြပ်ဆောင်ရွက်စေရန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား (၇၆)ဦးတက်ရောက်ပြီး(၁.၁၀.၂၀၂၀)မှ စတင်သင်ကြား ဖွင့်လှစ် ကာ ယနေ့နံနက်တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တင်ကိုကို(မြောင်)