ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း အမြန်ရထားများဖြတ်သန်းသွားလာရာတွင် ဘေး အန္တရာယ် ကင်းရှင်းစွာဖြင့် စိတ်ချလုံခြုံစွာ သွားလာနိုင်စေရေး ရထားလမ်းများကို ပြုပြင် ဆောင်ရွက်ပေး

ဝက်လက် အောက်တိုဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်းသို့ အမြန်ရထားများ ဖြတ်သန်း သွားလာရာတွင် ခိုင်မာမှုရှိစေရေး၊ စိတ်ချလုံခြုံစွာ ခုတ်မောင်းသွား လာနိုင်ရေးတို့အတွက် ယနေ့ နံနက် ၇ နာရီအချိန် က ဝက်လက်-မုဆိုးခြုံ မိုင်တိုင်၄၃၀/၃-၄ တံတားအမှတ်(၆၀) အဝင်/ထွက်လမ်းကို လမ်းမြှောက် ပက်ကင် ရိုက်ခြင်း မြတ်ရှင်းခြင်း ကျောက်ထည့်စီခြင်း တံတားထုံးသုတ်ခြင်း ရေလမ်းကြောင်း ရှင်းခြင်း များကိုဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အမြန်ရထားများ ဖြတ်သန်းသွားလာရာတွင် အန္တရာယ်ကင်းရှင်းစွာသွား လာနိုင် ရေးအတွက် ရထားသံလမ်းများ ကြံ့ခိုင်မှုရှိစေရေးအတွက် ဝက်လက်မြို့နယ်အတွင်းမိုင်တိုင် ၄၀၆/၉မှ ၄၃၈/၄အထိရှိပြီး အဆိုပါ မိုင်တိုင်အတွင်း အလှည့်ကျဆောင်ရွက်ပေးခြင်းကို အင်ဂျင်နီယာဌာန/ဝက်လက်မြို့ အုပ်စု(၁၀)၊သံလမ်း ဦးစိန်လွင်၊ လက်မှုကျွမ်းကျင်(၅) ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အောက်တိုဘာ ၂၂ရက်နေ့က ဝက်လက်-မုဆိုးခြုံ မိုင်တိုင် ၄၂၉/၁၂-၁၃၊ တံတား အမှတ်(၅၈)Aအဝင်/ထွက်ကိုလည်းကောင်း အောက်တိုဘာ ၂၃ရက်နေ့က ပေါက်ကန်-သာလိုင်း/ရုံးသာ မိုင်တိုင် ၄၂၂/၁၂-၁၃များတွင် လမ်းမြှောက်ပက်ကင်ရိုက်ခြင်း မြတ်ရှင်းခြင်း ကျောက်ထည့်စီခြင်း တံတားထုံးသုတ်ခြင်း ရေလမ်းကြောင်းရှင်းခြင်း ရေချိန်ပြုပြင်ခြင်းတာဘောင်ပြုပြင်ခြင်းနှင့်ပြန့်ကျဲကျောက်စီထည့်ခြင်းများဆောင်ရွက်ပေးခဲ့ ကြောင်း၊ဝက်လက်မြို့နယ်အတွင်း အမြန်ရထားများဖြတ်သန်းသွားလာရာတွင် ခိုင်မာပြီး စိတ်ချလုံခြုံမှုရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သံလမ်း အင်ဂျင်နီယာဌာနက ပြောပြချက်အရသိရသည်။

ဥမ္မာဝင်း(ပြန်/ဆက်)