ပေါက်ခေါင်း အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြု လုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုနိုင်ရန်အတွက် မဲပုံးများနှင့်မဲရုံသုံးပစ္စည်းအမျိုးမျိုးကို ယမန်နေ့ က စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါမဲရုံသုံးပစ္စည်းများဖြစ်သော မဲလက်မှတ်များ၊ မဲပုံးများ၊ ပလပ်စတစ်ခြင်းတောင်းများ၊ ဆာလာအိတ်များနှင ့်မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာ ရပ်ကွက် ၊ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များက လာရောက်ထုတ်ယူခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)