နမ့်ဆန်၌ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲ ပြုလုပ်

နမ့်ဆန် အောက်တိုဘာ ၂၈

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ()ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် အထူးရဲသင်တန်းဖွင့်လှစ်ရာ ယနေ့နံနက်()နာရီခန့်က သင်တန်းဆင်းပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မှူး ရဲမှူးခင်မြင့်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေးစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအသီးသီးတွင် လုံခြုံရေးဆောင်ရွက်ရန် အထူးရဲ (၅၆)ဦးကို သင်တန်းပေးပို့ချပြီး မဲရုံတစ်ရုံတွင် အထူးရဲ()ဦးစီ မဲရုံလုံခြုံရေးအဖြစ် တာဝန်းပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နမ့်ဆန်မြို့နယ်အတွင်း မဲဆန္ဒနယ်အမှတ်() မဲဆန္ဒနယ်အမှတ်()တွင် မဲပေးနိုင်သည့် မဲဆန္ဒရှင်ပေါင်း(၄၄၆၄၇)ဦး၊ မဲရုံပေါင်း(၅၆)ရုံရှိပြီး နိုင်ငံရေးပါတီ ()ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးတို့ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)