တန့်ယန်း အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးကာလအတွင်း စီးပွားရေးကုစားမှု (COVID-19 Economic Relief Plan-CERP) အစီအစဉ်အရ မျိုးစေ့ထုတ် မျိုးသန့်ပွား စပါးခင်း စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးကာလအတွင်း စီးပွားရေးကုစားမှု (COVID-19 Economic Relief Plan) အစီအစဉ်အရ မျိုးစေ့ထုတ် မျိုးသန့်ပွား စပါးခင်းများကို တောင်သူ (၁၂)ဦးက လယ်မြေ (၆၅) ဧကတို့တွင် စိုက်ပျိုးခဲ့ကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှစိုးဝင်းနှင့် ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်း၍ မျိုးသန့်ပွားစပါးများအား အထွက် နှုန်းကောင်းမွန်စေရေး၊ မျိုးရောနှောမှုမရှိစေရေး၊ ပေါင်းမြက်များနှုတ်ပေးခြင်း၊ မျိုးကွဲပယ်ခြင်း၊ ရောဂါပိုးမွှား မကျရောက်စေရန်နှင့် ကာကွယ်နှိမ်နင်းရေး၊ မြေသြဇာစနစ်တကျ ကြဲပက် ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အမှတ်(၈)ရပ်ကွက် တောင်သူ ဦးခွန်အောင်ထွန်း၏ လယ်မြေတွင် စိုက်ပျိုးထားရှိသော ၅၀၂- တရုတ်စပါးမျိုး မျိုးသန့်ပွား စပါးခင်းတွင် စံကွက်ရိတ်သိမ်းရာ အစိုထွက် ၁၃၂. ၈၂ တင်း ထွက် ရှိကြောင်းနှင့် အချိန်မီ ရိတ်သိမ်းခြွေလှေ့သိုလှောင်ခြင်းများကို ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)